image-

 သတင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြောက်ကိုရီးယားဟက်ကာတွေဟာ Cryptocurrency ပလက် ဖောင်း တွေပေါ် အနည်းဆုံး ၇ ကြိမ် တိုက်ခိူက်မှုလုပ်ခဲ့ပြီး ဒေါ်လာသန်း ၄၀၀ နီးပါးတန် Digital Asset တွေ ခိုးယူ ခဲ့တယ်လို့ ဖော်ပြကြပါတယ်။ Blockchain လေ့လာသုံးသပ်‌ရေးကုမ္ပဏီ Chainalysis ရဲ့ အစီရင်ခံစာ သစ်အရ အရှေ့အာရှနိုင်ငံတစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံက ဆိုက်ဘာရာဇဝတ်မှု ကျူးလွန် သူတွေဟာ Cryptocurrency အိတ်ချိန်းတွေနဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကနေ ဒေါ်လာသန်း ၄၀၀ နီးပါး ခိုးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မြောက်ကိုရီးယားဘက်ကတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ပြီး ငွေရှာနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အစဉ်တစိုက်ငြင်းဆန်နေခဲ့ပါတယ်။ "၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်း မြောက်ကိုရီးယားနဲ့ ဆက်စပ်တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေဟာ ၄ ခုကနေ ၇ ခုအထိ မြင့်တက်လာပါတယ်။ ဒီတိုက်ခိုက်မှုတွေကနေ ရယူ သွားတဲ့ တန်ဖိုးကလည်း ၄၀% အထိ တက်လာ ခဲ့ပါတယ်။"လို့ Chainalysis သတင်းမှာ ဖော်ပြထားပါတယ်။ 

ဟက်ကာတွေဟာ Crypto Exchange အဖွဲ့အစည်းတွေရဲ့ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ Hot Wallet တွေ ထဲက ရံပုံငွေတွေကို ယူဖို့ Phishing တိုက်ခိုက်တဲ့နည်းများ ၊ ကုဒ်ချိုးဖောက်တဲ့နည်းများနဲ့ Malware များ အပါအဝင် ဆိုက်ဘာတိုက်ခိုက်မှုနည်းလမ်းပေါင်းစုံ သုံးပြီး ခိုးယူခဲ့တာလို့ ဆိုပါတယ်။ ခိုးထားတဲ့ Cryptocurrency တွေကို မြောက်ကိုရီးယားက ထိန်းချုပ်ထားတဲ့ လိပ်စာတွေထဲ ရွှေ့ပြောင်းခဲ့တယ်လို့လည်း Chainalysis က ဖော်ပြပါတယ်။

Hot Wallet တွေဟာ အင်တာနက်နဲ့ Cryptocurrency ကွန်ရက်တွေနဲ့ ချိတ်ဆက်ထားတာဖြစ်လို့ Hacking လုပ်ပြီး ဝင်ရောက်ခိုးယူနိုင်ခြေ မြင့်များပါတယ်။ ဒါကြောင့်ပဲ အခုနောက်ပိုင်းမှာ Cryptocurrency တွေကို အင်တာနက်နဲ့ ချိတ်ဆက်မထားတဲ့ Cold Wallets တွေထဲ ပြောင်းဖို့ ကျွမ်းကျင်သူတွေက အကြံပြုလာကြတာ ဖြစ်ပါတယ်။ Chainalysis ကတော့ ပြီးခဲ့တဲ့နှစ်က ဆိုက်ဘာတိုက်ခိုက်မှုအများအပြားကို Lazarus Group လို့ခေါ်တဲ့ Hacking Group တစ်ခုက လုပ်ဆောင်ကြောင်း ယူဆထားပါတယ်။

Related Posts:

  • SPECIALE BERICHTGEVING ? SPECIALE BERICHTGEVING: Teslalanceert hun nieuwste platform Crypto Trader™ om gezinnen te helpen rijker te worden Vanwege de financiële crisis over de hele wereld lanceert Tesla een nieuw project dat belooft om gez… Read More
  • မြောက်ကိုရီးယား ဟက်ကာများ $ 400 ML တန် Cryptocurrency ခိုးယူ - သတင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြောက်ကိုရီးယားဟက်ကာတွေဟာ Cryptocurrency ပလက် ဖောင်း တွေပေါ် အနည်းဆုံး ၇ ကြိမ် တိုက်ခိူက်မှုလုပ်ခဲ့ပြီး ဒေါ်လာသန်း ၄၀၀ နီးပါးတန် Digital Asset တွေ ခိုးယူ ခဲ့တယ်လို့ ဖော်… Read More
  • WAT IS Crypto Trader? - WAT IS Crypto Trader PRECIES EN HOE WERKT HET? Het idee achter Crypto Trader is eenvoudig: gewone mensen de kans bieden om geld te verdienen met de enorme mogelijkheden die… Read More
  • N. Korea’s Lazarus Group Cryptocurrency $540 Million အခိုးခံရ Lazarus Group ဟာ ၂၀၁၄ ခုနှစ်က Sony Pictures ကို ဆိုက်ဘာထိုးဖောက်မှု လုပ်ခဲ့ပြီး လျှို့ဝှက်အတွင်းရေး အချက်အလက်တွေကို အများရှေ့ ချပြခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို ကမ္ဘာအနှံ့က ကွန်ပျူတာ သိန်းနဲ့ချီ ဆိုက်… Read More
  • Wormhole ပေါ်က $ 320 ML Cryptocurrency များ အခိုးခံရ  Wormhole ဟာ မတူညီတဲ့ DeFi (Decentralized-Finance) Blockchain ကွန်ရက်များအကြား Cryptocurrency လွှဲပြောင်းမှု လုပ်ပေးတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပြီး Ethereum နဲ့ Solana Blockchain တွေကို ချိတ်ဆက် ပေး တာပါ။ ဒီပလက်ဖောင… Read More

0 Comments:

Post a Comment

Labels

Translate

Popular Posts

Recent Posts