image

 Wormhole ဟာ မတူညီတဲ့ DeFi (Decentralized-Finance) Blockchain ကွန်ရက်များအကြား Cryptocurrency လွှဲပြောင်းမှု လုပ်ပေးတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပြီး Ethereum နဲ့ Solana Blockchain တွေကို ချိတ်ဆက် ပေး တာပါ။ ဒီပလက်ဖောင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဒေါ်လာသန်း ၃၂၀ တန် Cryptocurrency တွေ အခိုးခံလိုက် ရတယ် လို့ ကြေညာပါတယ်။

 ဒ္ဓဟူးနေ့က Wormhole ရဲ့ Tweet ထဲမှာ သူခိုးတွေဟာ လက်ရှိပေါက်ဈေးနဲ့ဆို ဒေါ်လာ ၃၂၄ သန်းလောက် တန်တဲ့ wETH ၁၂၀၀၀၀ ခိုးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ Crypto ခိုးယူမှုတွေထဲက အကြီးမားဆုံး စောရမှုကြီးတစ်ခုဖြစ်ပြီး DeFi Service တစ်ခုဆီက ဒုတိယအကြီးဆုံး ခိုးယူမှုလည်း ဖြစ်ပါတယ်။ 

“ဒီဖောက်ထွင်းမှုကနေ ဆိုက်ဘာတိုက်ခိုက်မှုလုပ်သူတွေဟာ WrappedETH ပေါင်း ၁၂၀၀၀၀ကို Solana Blockchain ပေါ်က ထုတ်ပြီး ဒီထဲက ETH ပေါင်း ၉၃၇၅၀ ကို Ethereum Blockchain ပေါ် လွှဲပြောင်းခဲ့တယ် ”လို့ Blockchain လေ့လာရေးလုပ်ငန်း Elliptic က ဆိုပါတယ်။ 

ဒီကိစ္စဖြစ်ပွားပြီးနောက် Wormhole ကွန်ရက်ကို ပြန်ပြီး ပြုပြင်ထိန်းသိမ်းဖို့အတွက် Offline လုပ်ထားပါတယ်။ Wormhole Developer တွေဖြစ်တဲ့ Certus One ကုမ္ပဏီဟာ အခုလို တိုက်ခိုက်မှုလုပ်သွားတဲ့ စနစ်ချို့ယွင်း ချက်ကို ဖော်ထုတ်နိုင်ပြီး Cryptocurrency တွေ ပြန်ယူပေးနိုင်သူကို Bug Bounty အနေနဲ့ ဆုကြေး ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ ကြေညာထားပါတယ်။ (CPO / Duwan)


0 Comments:

Post a Comment

Labels

Translate

Popular Posts

Recent Posts