Lazarus Group ဟာ ၂၀၁၄ ခုနှစ်က Sony Pictures ကို ဆိုက်ဘာထိုးဖောက်မှု လုပ်ခဲ့ပြီး လျှို့ဝှက်အတွင်းရေး အချက်အလက်တွေကို အများရှေ့ ချပြခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို ကမ္ဘာအနှံ့က ကွန်ပျူတာ သိန်းနဲ့ချီ ဆိုက်ဘာတိုက်ခိုက် ငွေညှစ်မှုလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် WannaCry Ramsomware တိုက်ခိုက် မှု မှာလည်း တာဝန်ရှိတဲ့ ဟက်ကာအဖွဲ့လို့ ယူဆထားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လထဲမှာ ဖြစ်ပွားခဲ့တဲ့ နာမည်ကျော် Blockchain ဂိမ်း Axie Infintiy ဖြစ်ရပ်မှာတော့ ကုမ္ပဏီရဲ့ Ronin Blockchain နဲ့ Transaction လုပ်တဲ့ လမ်းကြောင်းကို ဟက်ကာတွေက ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့ပြီး Ethereum 173600 နဲ့ USDC Stable Coin ၂၅.၅ သန်းဖိုးကို ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။ Aixe Infinity ဂိမ်းဟာ Ethereum နဲ့ USDC Coin တွေကို Ronin ကွန်ရက်ပေါ် စပေါ်တင်ပြီး NFT items တွေ ဝယ်ရောင်း လုပ်ပါတယ်။ 

မြောက်ကိုရီးယားဟာ Crypto သုံးပြီး အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုကို ရှောင်လွှဲဖို့ ကြိုးစား နေတယ်လို့ ဆိုက်ဘာလုံခြုံရေးသုတေသီတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာပဲ အသက် ၃၉ နှစ်အရွယ် အမေရိကန် Crypto ကျွမ်းကျင်သူ ဗာဂီးလ် ဂရက်ဖစ်ကို အမေရိကန် Sanction ရှောင်ဖို့ မြောက်ကိုရီးယားတွေ Virtual Currency သုံးနိုင်အောင် ကူညီပေးမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရပါတယ်။

image

၂၀၂၀ ပြည့်နှစ်က အမေရိကန်စစ်တပ်ရဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားဆိုက်ဘာ တိုက်ခိုက်ရေး အစီအစဉ် တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းက စတင်လာခဲ့တာ ဖြစ်ပြီး ဘီလာရုစ် ၊ တရုတ် ၊ အိန္ဒိယ ၊ မလေးရှားနဲ့ ရုရှားအပါအဝင် နိုင်ငံအများအပြားမှာ Bureau 121 နာမည်နဲ့ ဟက်ကာ ၆၀၀၀ အထိ ပါတဲ့ ဆိုက်ဘာ စစ်ဆင်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ကြီးထွားလာနေကြောင်း ဖော်ပြထားပါတယ်။ 

Blockchain လေ့လာဆန်းစစ်ရေးကုမ္ပဏီ Chainalysis ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်အတွင်း မြောက်ကိုရီးယား ဟက်ကာတွေဟာ Cryptocurrency ပလက်ဖောင်းတွေပေါ် အနည်းဆုံး ဆိုက်ဘာတိုက်ခိုက်မှု ၇ ကြိမ် လုပ်ခဲ့ပြီး ဒေါ်လာသန်း ၄၀၀ နီးပါး တန် Digital Asset တွေ ခိုးယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ (Duwan)

https://www.wired.com/story/ronin-hack-lazarus-tmobile-breach-data-malware-telegram/

Related Posts:

  • မြောက်ကိုရီးယား ဟက်ကာများ $ 400 ML တန် Cryptocurrency ခိုးယူ - သတင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြောက်ကိုရီးယားဟက်ကာတွေဟာ Cryptocurrency ပလက် ဖောင်း တွေပေါ် အနည်းဆုံး ၇ ကြိမ် တိုက်ခိူက်မှုလုပ်ခဲ့ပြီး ဒေါ်လာသန်း ၄၀၀ နီးပါးတန် Digital Asset တွေ ခိုးယူ ခဲ့တယ်လို့ ဖော်… Read More
  • Wormhole ပေါ်က $ 320 ML Cryptocurrency များ အခိုးခံရ  Wormhole ဟာ မတူညီတဲ့ DeFi (Decentralized-Finance) Blockchain ကွန်ရက်များအကြား Cryptocurrency လွှဲပြောင်းမှု လုပ်ပေးတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပြီး Ethereum နဲ့ Solana Blockchain တွေကို ချိတ်ဆက် ပေး တာပါ။ ဒီပလက်ဖောင… Read More
  • N. Korea’s Lazarus Group Cryptocurrency $540 Million အခိုးခံရ Lazarus Group ဟာ ၂၀၁၄ ခုနှစ်က Sony Pictures ကို ဆိုက်ဘာထိုးဖောက်မှု လုပ်ခဲ့ပြီး လျှို့ဝှက်အတွင်းရေး အချက်အလက်တွေကို အများရှေ့ ချပြခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို ကမ္ဘာအနှံ့က ကွန်ပျူတာ သိန်းနဲ့ချီ ဆိုက်… Read More
  • WAT IS Crypto Trader? - WAT IS Crypto Trader PRECIES EN HOE WERKT HET? Het idee achter Crypto Trader is eenvoudig: gewone mensen de kans bieden om geld te verdienen met de enorme mogelijkheden die… Read More
  • SPECIALE BERICHTGEVING ? SPECIALE BERICHTGEVING: Teslalanceert hun nieuwste platform Crypto Trader™ om gezinnen te helpen rijker te worden Vanwege de financiële crisis over de hele wereld lanceert Tesla een nieuw project dat belooft om gez… Read More

0 Comments:

Post a Comment

Labels

Translate

Popular Posts

Recent Posts